မင်းအတွက် တို့ပေးခဲ့တဲ့ မေတ္တာတွေ
မင်းပြောသမျှကို လိုက်လုပ်ခဲ့တဲ့ လှိုင်.
တစ်ခါတစ်လေ မင်းရဲ့စကားလုံးတွေကြောင့်
လှိုင် ဘယ်လောက်ထိ ခံစားရလဲဆိုတာ
မင်းမသ်နိုင်ပါဘူး
ဒါပေမဲ့ အပြုံးမပျက်ဘဲရှိခဲ့တယ်
လှိုင်သိတာ တစ်ခုပဲရှိတယ်
လှိုင် အတွက်နဲ့ မင်းဘယ်တော့မှ စိတ်မဆင်းရဲ့စေရဘူး
လှိုင် တစ်သက်မှာ ဘယ်ကောင်လေးကိုမှ စိတ်ကူထဲမရှိခဲ့ဘူး.
ဒါပေမဲ့လှိုင်ရဲ့ အိပ်မက်လေးတွေထဲမှာ
အမြဲတမ်းမင်းအကြောင်းလေးတွေအိပ်မက်ထဲမှာပါတယ်
နားမလည်နိုင်တာတစ်ခုက အိပ်မက်ထဲမှာ
မင်းကလှိုင်ကိုချစ်တယ်လို့လာပြောတာနဲ့
ပြီးတော့တစ်ယောက်နဲ့တစ်ယောက်
ပါးစပ်ကချစ်တယ်ဆိုတဲ့ စကားလေးမပြောဘဲနဲ့
တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတယ်
ဒါပေမဲ့ဝမ်းနည်းစရာတစ်ခုက
မင်းအိပ်မက်ထဲမှာနဲ့အပြင်မှာနဲ့ တခြားဆိပါပဲ
လှိုင် ဘယ်လောက်ထိခံစားရမလဲဆိုတာကို
တစ်နေ့နေ့တော့ မင်းသိလာမှာပါ
လှိုင်မင်းဆီက ဘာမှမမျှော်လင့်ခဲ့ပါဘူး
မင်းပျော်နေတာကိုဘဲ မြင်ချင်ပါတယ်။
လှိုင် (K.M.L)
No comments:
Post a Comment